ဘုရင့်ညီဂူ နှင့် ရေပူစမ်း ဘုရင့်ညီဂူသည် ကရင်ပြည်နယ် ဘားအံမြို့ နယ်တွင်တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့ နှင့် လည်းနီးကပ် စွာတည်ရှိသည်။ ဤဘုရင့်ညီနောင် ကျောက်ဂူကြီး၏ အမည်မှာ နောက်ဆုံးဖော်ထုတ်ကြသော အမည်ဖြစ်ပါသည်။ ရှေးဦးပထမ မဟာပါသာဏဂူ ရတနာကျောက်ဂူဟူ၍ ခေါ်ဆိုကြပါသည်။ ဒုတိယ ဘုရင်ကြီးဂူ ရတနာကျောက်ဂူဟူ၍ အဆင့်ဆင့်ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ ရှေးလွန်လေသော နှစ်ပေါင်း (၉၀၀) ကျော်ခန့်လောက်က ကရင်ပြည်နယ် ဘားအံ့မြို့ မြောက်ဘက် (၃)မိုင်ကျော် သံလွင်မြစ်နှင့် အနောက်ဘက်ကမ်း ကော့ဖြိုင်တောင်နှင့် တဆက်ထည်း တည်ရှိလျှက် ကြာအင်းရွာအနီးတွင် နတ်နဂါးများ ပျော်ရွှင်မြူးတူးရာ တောင်ကြီးတစ်လုံးရှိလေသည်။ ထိုတောင်ကို “နဂါးမြူး” တောင်ဟု ခေါ်သည်။ ထိုတောင်ကြီး၏ မြောက်ဘက် နှစ်မိုင်ကွာလောက်တွင် ရှည်လျားသောတောင်တန်းကြီး တစ်ခုရှိလေသည်။ ထိုတောင်ကို “ဂဋ္ဋုံပျော်” တောင်ဟု ခေါ်သည်။ဂဋ္ဋုံပျော်တောင်နှင့် မနီးမဝေးသော အနောက်ဘက်ကျောက်တ်လုံးရွာ၏အရှေ့တောင်ထောင့် တစ်မိုင်ခရီးတွင် စပါးလှမ်းတောင်ရှိလေသည်။ ဘုရင်ကြီးဂူတောင်၏ မြောက်ဘက်နှစ်မိုင်ခရီးတွင် မွန်ကရင်လူမျိုးများ ထီးနန်းများစိုက်ထူစိုးစံသောမြို့ မဟိသရာဇာခေါ် မွန်ဘုရင်တစ်ပါးရှိလေ...