အစာထဲက ဆေးတစ်ခွက်လည်းဖြစ် တဲ့သရက်ရွက် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာနဲ့အမျှ ကျွန်မတို့တွေ ရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပြီလား? ဆေးတွေအများကြီး သောက်ရလို့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာ ကြောက်နေပြီလား။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသလို ကျွန်မတို့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝဆေးတစ်မျိုးကို သတင်းကောင်းလေးပေးပါရစေ။ "သရက်ရွက်" ပါ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ခြိုက်စွာစားသုံးလျက်ရှိတဲ့ သရက်သီးပင်က အရွက်ပါ။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ သရက်ရွက်နုလေးတွေကို ပြုတ်ပြီး အတို့အမြုပ်အနေနဲ့ စားသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် သရက်ရွက်အရင့်တွေကိုတော့ စားသုံးသူ မရှိသလောက်ပါပဲနော်။ ဒါဆို လျစ်လျူရှုခံထားရတဲ့ သရက်ရွက်အရင့်တွေမှာလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဘယ်လိုကောင်းကျိုးတွေ ရှိနေလဲဆိုတာ ပြောပြပေးပါမယ်။ သရက်ရွက်ကို လက်ဖက်ခြောက်အစားထိုးပြီး ရေနွေးနဲ့ စိမ်သောက်ပေးရင် ဆီးချိုရောဂါကို သက်သာစေပါတယ်။ သရက်ရွက်မှာပါဝင်တဲ့ အမ်သိုဆိုင်ရမ်နီဒင် (anthocyanidins) ဆိုတဲ့ ဆိုးဆေးဟာ အစောပိုင်း ဆီးချိုရောဂါကို ကုသနိုင်ပါတယ်။ ဒါ့အပြင် သရက်ရွက်ဟာ သွေးပေါင်ချိန်ကိုလည်း လျော့ကျစေန...