အောင်မဲညို ပန်း အကြောင်းသိကောင်းစရာ

===========================






အကျိုးပြုပုံ
ဆံပင်ကျွတ်ခြင်း ၊ဆံပင်ဖြူခြင်း မှကာကွယ်ပေးပြီးမျက်စိအမြင်ကြည်ခြင်းနှင့်တိမ်ဖြစ်ခြင်းမှကာကွယ်ပေးသောဆေးဖက်ဝင်တဲ့ပန်းဖြစ်ပါတယ် အမျိုးသမီး များအတွက်သွေးအားကောင်းစေပါတယ်
ပန်းပွင့်ရည် သောက်နည်း
အပွင့်လေးကိုရေသန့်စင်ပြီးဖန်ခွက်ထဲထည့်ပါရေနွေးနဲ့စိမ်ပါ အရောင်ထွက်လာရင်ပွင့်ဖတ်ကိုဆယ်ထုတ်ပါ။

ပန်းပွင့်ရည် ထဲကို သံပုရာသီး တစ်စိတ်ညစ်ထည့်ပါပျားရည်ထည့်သောက်ရင်ပိုကောင်းတယ်(သံပုရာသီးထည့်တဲ့အခါ ပန်းရောင်ပြောင်းသွားပါတယ်)

ထမင်း (သို့) ကောက်ညှင်း နဲ့ချက်နည်း
အပွင့် ကိုအရင်ပြုတ်ပါ အပွင့်ပြုတ်ရည် ဖြင့်သာ
ထမင်းချက်ပါ ကောက်ညှင်းလဲထိုနည်းတူစွာ
အပွင့်ရည်ဖြင့်ချက်ပါ။


ထမင်း နဲ့ကောက်ညှင်း အရသာ ကမပြောင်းပဲပိုမွှေးလာပါတယ်
ထို့အပြင် အချိုပွဲ အတွက်ကျောက်ကျောနဲ့မုန့်ဖက်ထုတ်ရာမှာလည်း ပန်းပွင့် ရည်ဖြင့်လုပ်ပါက ခရမ်းရောင် လှလှလေးရပါမယ်
ဖတ်မိသမျှပြန်လည်မျှဝေပါတယ်
လိုအပ်တာရှိခဲ့ရင်ထပ်ပြီးဖြည့်စွက်ပေးပါရှင်
အညာမှာ အလေ့ကျပေါက်ပြီး နွယ်ပင်တစ်မျိုးဖြစ်တဲ့ အောင်မဲညို ပန်းလေးတွေနဲ့ လုပ်ထားတဲ့ စားချင်စရာလေးတွေ။ အဲ့လိုလုပ်လို့ရမှန်း၊ အသုံးဝင်မှန်း သိကို မသိခဲ့တာ။


ခုရှာကြည့်မှ ကျန်းးးးးးသိပ်ကို သဘောကျသွားတာ။ ကိုယ်တွေငယ်ငယ်ကခေါ်တာတော့ အရောင်က ကြည်ပြာရောင်လေးမို့ ကြည်ပြာပန်းလို့ပဲ ခေါ်ခဲ့တာ။ ကြည်ပြာပန်းတွေ ပွင့်ပြီဆို ခူးသီပြီး ပန်တယ် ၊ဆော့တယ်၊ဒါလောက်ပဲ။
အောင်မဲညိုပန်းလေးတွေနဲ့ လုပ်ထားတဲ့ စားချင်စရာလေးတွေ။
အောင်မဲညို ထမင်း
အောင်မဲညို ခေါက်ဆွဲ
အောင်မဲညို ဘဲဥ
အောင်မဲညို ကောက်ညင်းပေါင်း
အောင်မဲညို မုန့်ဖက်
အောင်မဲညို သာကူ

အောင်မဲညို ပြာရည်ထုပ်
အောင်မဲညို ဆီထမင်း
အောင်မဲညို ကျောက်ကျော
အောင်မဲညို ကိတ်
အောင်မဲညို အအေး
အောင်မဲညို ရေခဲချောင်း
အောင်မဲညို ရေခဲမုန့်
Credit မူရင်း

Comments

Popular posts from this blog