ဂွါတီမာလာရှိ ဖွေဂို မီးတောင် အကြီးအကျယ်ပေါက်ကွဲ၊ လူ (၄၀၀၀) နီးပါး ရွှေ့ပြောင်း
========================================================================================
တနင်္လာနေ့ အစောပိုင်းက မီးတောင်ဟာ ပြာပူတွေ၊ ချော်ရည်တွေနဲ့ ဓာတ်ငွေ့တွေကို ဆိုးဆိုးရွားရွား မှုတ်ထုတ်ခဲ့လို့ လူအယောက် ၂၀၀၀ ကျော် ခိုလှုံရေးဂေဟာတွေဆီ ရွှေ့ခဲ့ကြတယ်လို့ အရာရှိတွေက သတင်းထောက်တွေကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အစီရင်ခံစာတော့ မရှိသေးပါဘူး။ ပိုအန္တရာယ်ကြီးတဲ့ ပြာပူတွေ၊ ချော်ရည်တွေ မှုတ်ထုတ်နိုင်တယ်လို့ ဂွါတီမာလာငလျင် မီးတောင်နဲ့ မိုးလေဝသဌာန အကြီးအကဲ ဟွမ် ပါဘလို အိုလီဗာက ပြောပါတယ်။
ဇွန်လတုန်းကလည်း ဖွေဂိုမီးတောင် ပေါက်ကွဲခဲ့လို့ လူအယောက် ၁၉၀ ကျော် သေဆုံးခဲ့ပါတယ်။ အလယ်အမေရိကမှာ လှုပ်ရှားမှုအများဆုံး မီးတောင်ဟာ ပေ ၁၂၀၀၀ ကျော် မြင့်ပြီး ဒီနှစ်ထဲမှာ ငါးကြိမ်မြောက် ပေါက်ကွဲနေတာလည်း ဖြစ်ပါတယ်။
Ref ; DVB


Comments
Post a Comment