မနက်ဖြန်အောင်မြင်ချင်ရင် မဖြစ်နိုင်ဘူး

 မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့


ဒီနေ့ စာရှည်ရှည်မရေးနိုင်လေတော့  စကားလက်ဆောင်လေးတစ်ခုကိုပဲ လက်ဆင့်ကမ်းလိုပါတယ်...  လက်ဆင့်ကမ်းမျှဝေလိုတဲ့စကားလေးကတော့ ကမ္ဘာကျော်တရုတ်သူဌေးကြီးတစ်ဉီးဖြစ်တဲ့ **ဂျက်မား** ပြောခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်.... တိုရှင်းလိုရင်းကတော့


**"မနက်ဖြန်မှာ အောင်မြင်ချင်တယ်ဆိုရင် မဖြစ်နိုင်ပါဘူး"**

**"နောက်တစ်နှစ်အကြာမှာ အောင်မြင်ချင်တယ်ဆိုရင်လည်း မဖြစ်နိုင်ပါဘူး"**

**"နောက်(၁၀)နှစ်အကြာမှာအောင်မြင်ချင်တယ်ဆိုရင်တော့ အခွင့်အရေးတွေရှိပါတယ်"**

**"ငြီးတွားနေရင်တော့ အခြားသူတွေက ရယူသွားကြမှာပါ"**

**"အခွင့်အရေးတွေကို မိမိရရကိုင်တွယ်ဖမ်းဆုပ်နိုင်မယ်ဆိုရင် နောင်(၁၀)နှစ်မှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်"**


အဲဒီစကားတွေကို ရုပ်သံတစ်ခုကနေ လူအများကိုပြောကြားထားတဲ့ လိုရင်း တိုရှင်း လေးတွေပဲဖြစ်ပါတယ်...


----------





-------


ကျန်တော်တို့ လူအများစုကတော့ ဂျက်မားပြောထားတာတွေနဲ့တော့ ပြောင်းပြန်ကျင့်သုံးကြပါတယ်..


**ချက်ချင်းအောင်မြင်လိုကြတယ်....**

**ခိုင်မာအောင်မြင်ဖို့အတွက်လည်း အချိန်အကြာကြီးမစောင့်ချင်ကြဘူး**

**မှားယွင်းခဲ့မှု ပင်ပန်းမှု ဆင်းရဲမှုတွေကိုလည်း ငြီးတွားရင်းနဲ့ပဲအချိန်တွေကုန်နေတတ်ကြတယ်**

**နောက်(၁၀)နှစ်ကို ကျော်မကြည့်ပဲ မနက်ဖြန်ကိုပဲ ကြည့်တတ်ကြတယ်**

**အခွင့်အရေးတွေကို အမိဖမ်းဖို့နေနေသာသာ အခွင့်အရေးဆိုတာကိုတောင်မမြင်လိုက်ကြပါဘူး**


အားလုံးပဲ နောင်(၁၀)နှစ်ကို မျှော်ကြည့်ပြီး အောင်မြင်နိုင်ကြပါစေ...


@ansoe(Soe Naing_Sagaing)

#sonaingndsgg

Comments

Popular posts from this blog