Posts

Showing posts from December, 2020
Image
  ကိုယ်ကဟောက်တတ်တဲ့သူတစ်ယောက် ဖြစ်ကြောင်း ဘယ်လိုသိနိုင်လဲ ။ ။ သေချာတာကတော့ အိပ်နေတဲ့သူတစ်ယောက်က ငါဟောက်တတ်ပါလားဆိုတာကို သိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘေးက လူတွေ ပြောပြမှသာ ကိုယ်ကအိပ်ရင် ဟောက်တတ်တဲ့သူတစ်ယောက်ဆိုတာကို သိမှာဖြစ်ပါတယ်။ ဟောက်ရခြင်း အကြောင်းတရားများ ။ ။ နှာစေးခြင်း ၊ နှာပိတ်ခြင် း။ ။  နှာပိတ်  နေတဲ့သူတစ်ယာက်ဟာ အိပ်စက်ချိန်ဆို ပါးစပ်နဲ့ အသက်ရှူရတာဖြစ်လို့ သူတို့ဟာ အခြားသူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ပက်လက်လန်ပြီး အိပ်ခြင် း ။ ။ ပက်လက်လန်ပြီး အိပ်တဲ့သူတွေဟာ ဘေးစောင်းအိပ်တတ်တဲ့သူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဟောက်တတ်တယ်ဆိုရင် ဘေးစောင်းပြီး အိပ်ပါ။ နှာခေါင်းဖွဲ့စည်းပုံ  ။ ။ နှာခါင်းပေါက်နှစ်ခုမှာ တစ်ခုနဲ့ တစ်ခု အရွယ်အစားမညီခဲ့ရင်  အိပ် တဲ့အချိန် အသက်ရှူရခက်စေပြီး ဟောက်တတ်ပါတယ်။ ဒါမှမဟုတ်  နှာခေါင်းရို းကျိုးတာလိုမျိုး ထိခိုက်တာတွေ ရှိခဲ့ရင် လည်း ဟောက်တတ်ပါတယ်။ ဒီလို အခြေအနေတွေ ကြုံတွေ့ရပြီဆို ဆရာဝန်နဲ့တိုင်ပင်ပြီး နှာခေါင်းကိုပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟောက်တော့မှာပေါ့နော်။ သင့်အပေါ်ပိုင်း ပါးစပ်က လည်ချောင်းနားရောက်လေ...
Image
  ဂုတ်ထိပ်တံတား အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် ဂုတ်ထိပ်တံတား Goteik viaduct ကိုဩဒိနိတ် 22°20′35″N   96°51′35″E သယ်ဆောင်မှု ရထားလမ်း ၁ လမ်း ဖြတ်သန်းမှု ဂုတ်ထိပ်စမ်းချောင်း တည်နေရာ နောင်ချိုမြို့နယ် အမည် ဂုတ်ထိပ်တံတား အခြားအမည်များ Gohteik viaduct ပြုပြင်ထိန်းသိမ်းသူ ဆောက်လုပ်ရေး ဝန်ကြီးဌာန အချက်အလက်များ တံတားဒီဇိုင်း မြင်းခုံတံတား [၁] စုစုပေါင်းအရှည် ၆၈၉ မီတာ (၂၂၆၀ ပေ) အကျယ် ရထားလမ်း ၁ လမ်းစာ သမိုင်းကြောင်း စတင်ဆောက်လုပ်ချိန် ၂၈ ဧပြီ ၁၈၉၉ လုပ်ငန်းပြီးဆုံးချိန် ၁ ဇန်နဝါရီ ၁၉၀၀ ကုန်ကျငွေ ၁၆၉၈၂ဝဝ ကျပ် ဖွင့်လှစ်သည့်နေ့ ၁ ဇန်နဝါရီ ၁၉၀၀ ဂုတ်ထိပ်တံတား(Photo by-Shiro Shimamura, Keizo Okuma) မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် (၇)မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြု သည်။ ဗြိတိသျှ ကိုလိုနီတို့ အခြား မီးရထားလမ်း တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ (၃၀⁠၀)ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။...
Image
အစာထဲက ဆေးတစ်ခွက်လည်းဖြစ် တဲ့သရက်ရွက် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာနဲ့အမျှ ကျွန်မတို့တွေ ရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပြီလား? ဆေးတွေအများကြီး သောက်ရလို့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာ ကြောက်နေပြီလား။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသလို ကျွန်မတို့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝဆေးတစ်မျိုးကို သတင်းကောင်းလေးပေးပါရစေ။      "သရက်ရွက်" ပါ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ခြိုက်စွာစားသုံးလျက်ရှိတဲ့ သရက်သီးပင်က အရွက်ပါ။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ သရက်ရွက်နုလေးတွေကို ပြုတ်ပြီး အတို့အမြုပ်အနေနဲ့ စားသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် သရက်ရွက်အရင့်တွေကိုတော့ စားသုံးသူ မရှိသလောက်ပါပဲနော်။ ဒါဆို လျစ်လျူရှုခံထားရတဲ့ သရက်ရွက်အရင့်တွေမှာလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဘယ်လိုကောင်းကျိုးတွေ ရှိနေလဲဆိုတာ ပြောပြပေးပါမယ်။      သရက်ရွက်ကို လက်ဖက်ခြောက်အစားထိုးပြီး ရေနွေးနဲ့ စိမ်သောက်ပေးရင် ဆီးချိုရောဂါကို သက်သာစေပါတယ်။ သရက်ရွက်မှာပါဝင်တဲ့ အမ်သိုဆိုင်ရမ်နီဒင် (anthocyanidins) ဆိုတဲ့ ဆိုးဆေးဟာ အစောပိုင်း ဆီးချိုရောဂါကို ကုသနိုင်ပါတယ်။ ဒါ့အပြင် သရက်ရွက်ဟာ သွေးပေါင်ချိန်ကိုလည်း လျော့ကျစေန...
Image
  အားလုံးသောချစ်မိတ်ဆွေများ မင်္ဂလာပါ.... ဒီနေ့တော့ မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ ဗဟုသုတအနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်... အခြားတော့မဟုတ်ပါ... အင်တာနက်ကိုအသုံးပြုကြတဲ့အခါမှာ တွေ့မြင်ကြရတဲ့ အင်တာနက်ပက်ကေ့ချ် (Package) တွေဝယ်ရာမှာ တွေ့နေကြရတဲ့ #မီဂ ါဘိုက် #MB နဲ့ #မီဂ ါဘစ် #Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို သိဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်... #MB ဆိုတာ #မီဂ ါဘိုက် #Megabyte ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ #Mb ဆိုတာ #မီဂ ါဘစ် #Megabits ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်... အင်တာနက် အသုံးပြုတဲ့အခါ တွေ့မြင်ကြရတဲ့ အတိုင်းအတာများကို အောက်မှာ ပြထားပါတယ်... 1024 bits = 1 Kilo byte (KB) 1024 KB = 1 Mega Byte (MB) 1024 MB = 1 Giga Byte (GB) #မီဂ ါဘိုက် နဲ့ #မီဂ ါဘစ် ဆက်စပ်မှုကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်... 1 byte = 8 bits 1 MB = 8 Mb --------- 1 Megabyte = 8 Megabits 1 MB = 8 Mb 1MB/s = 8 Mbps 12.5 MB = 100 Mb 1 GB = 8 Gb တကယ်လို့များ ကျွန်တော်တို့ဟာ အင်တာနက် 20Mbps နဲ့ အင်တာနက်သုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ ...
Image
ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  Dr. Phyo Wai Lynn   |  ရေးသားသူ  Dr. Htet Htet Zaw Win Update Date ဒီဇင်ဘာ 3, 2020  . 2 mins read   ချောင်းဆိုး မယ်၊ ဖျားမယ်၊   အနံ့ပျောက် မယ်။ ဆေးစစ်မယ်။  ကိုဗစ် တွေ့မယ်။ ဆေးရုံတက်မယ်။ အားလုံးကောင်းရင်၊ ရက်ပြည့်ရင် ပြန်ဆင်းမယ်။ အိမ်မှာ Quarantineဆက်ဝင်မယ်။ ပြီးရင် ပြီးပြီလို့ ထင်နေရင် သင့်အတွေးတွေကို ရုတ်သိမ်းလိုက်ပါ။ ကိုဗစ်က ဒီလောက် မရိုးရှင်းပါဘူး။ ကိုဗစ်ကို စတွေ့တာ ၂၀၁၉ နှစ်ကုန်ပိုင်းကဆိုတော့ ခုဆိုရင် တစ်နှစ်တောင် ရှိရောပေါ့။ အိမ်နီးချင်းလိုပဲ အနေကြာလေ အကြောင်းသိလေပါ။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလည်း မပြီးဘူးဆိုတာ တဖြည်းဖြည်း သိလာရပါပြီ။ ကိုဗစ်ဖြစ်ပြီးတာတောင် လူနာတွေက တချို့ဝေဒနာတွေကို ဆက်ပြီးခံစားနေရသေးတာ တွေ့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးနောက် ကိုဗစ်ဖြစ်ပြီးလို့ ပျောက်သွားရင် အိမ်မှာ အေးအေးဆေးဆေးနေနိုင်မယ်လို့ ထင်ပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ပိုးမရှိတော့ပေမယ့် ကိုယ်က အရင်လို မဟုတ်တော့တာကို သတိထားမိပါလိမ့်မယ်။ အရင်ကလောက် အလုပ်မလုပ်နိုင်တာ၊ တစ်ခုခုဆို  စူးစိုက်မရဘဲ  ဟို...