ကိုယ်ကဟောက်တတ်တဲ့သူတစ်ယောက် ဖြစ်ကြောင်း ဘယ်လိုသိနိုင်လဲ ။ ။







သေချာတာကတော့ အိပ်နေတဲ့သူတစ်ယောက်က ငါဟောက်တတ်ပါလားဆိုတာကို သိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘေးက လူတွေ ပြောပြမှသာ ကိုယ်ကအိပ်ရင် ဟောက်တတ်တဲ့သူတစ်ယောက်ဆိုတာကို သိမှာဖြစ်ပါတယ်။

ဟောက်ရခြင်း အကြောင်းတရားများ ။ ။

  • နှာစေးခြင်း ၊ နှာပိတ်ခြင်း။ ။ နှာပိတ် နေတဲ့သူတစ်ယာက်ဟာ အိပ်စက်ချိန်ဆို ပါးစပ်နဲ့ အသက်ရှူရတာဖြစ်လို့ သူတို့ဟာ အခြားသူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။
  • ပက်လက်လန်ပြီး အိပ်ခြင်း ။ ။ ပက်လက်လန်ပြီး အိပ်တဲ့သူတွေဟာ ဘေးစောင်းအိပ်တတ်တဲ့သူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဟောက်တတ်တယ်ဆိုရင် ဘေးစောင်းပြီး အိပ်ပါ။
  • နှာခေါင်းဖွဲ့စည်းပုံ ။ ။ နှာခါင်းပေါက်နှစ်ခုမှာ တစ်ခုနဲ့ တစ်ခု အရွယ်အစားမညီခဲ့ရင် အိပ်တဲ့အချိန် အသက်ရှူရခက်စေပြီး ဟောက်တတ်ပါတယ်။ ဒါမှမဟုတ် နှာခေါင်းရိုးကျိုးတာလိုမျိုး ထိခိုက်တာတွေ ရှိခဲ့ရင် လည်း ဟောက်တတ်ပါတယ်။ ဒီလို အခြေအနေတွေ ကြုံတွေ့ရပြီဆို ဆရာဝန်နဲ့တိုင်ပင်ပြီး နှာခေါင်းကိုပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟောက်တော့မှာပေါ့နော်။
  • သင့်အပေါ်ပိုင်း ပါးစပ်က လည်ချောင်းနားရောက်လေလေ အာခေါင်ကပို အောက်ကျပြီး ထူလေလေဖြစ်တာကြောင့် လေဝင်နိုင်တဲ့ လမ်းကြောင်းကျဉ်းသွားပြီး အိပ်ရင် ဟောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အာသီး လေးက သာမန်ထက်ပိုရှည် နေတဲ့ အခါမျိုးဆိုရင်လည်း လေဝင်လမ်းကြောင်းကျဉ်းသွားလို့ ဟောက်တတ်ပါတယ်။ ဒါမျိုးတွေက မွေးကတည်းက ပါလာတယ် ဆိုပေမယ့် ဘာပြဿနာမှ မရှိသေးရင်တော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒါပေမယ့် ညဘက်အိပ်လို့ အရမ်းဟောက်တဲ့အခါမျိုးမှာ ဆိုရင်တော့ သင့်ပါးစပ်ကို ပြန်လည်ခွဲစိပ်ပြုပြင်ဖို့ လိုအပ်နေပါပြီ။
  • သင့်သောက်နေတဲ့ ဆေးတွေ ဖြစ်တဲ့ အိပ်ဆေး၊ ကြွက်သားပြေလျော့ဆေး၊ စိတ်ဓါတ်ကျြခင်းကို ကုသတဲ့ဆေးတွေဟာ သင့်လျှာနဲ့ လည်ချောင်းထဲက ကြွက်သားတွေကို ပြေလျော့စေတာကြောင့် အဲ့ဒီဆေးတွေ သောက်ထားတဲ့သူဟာ အိပ်နေချိန်ဆို ပိုပြီး ဟောက်တတ်ပါတယ်။
  • Sleep apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူရပ်ခြင်းဟာ ဆိုးဆိုးဝါးဝါး ဟောက်သံကို ထွက်ပေါ်စေတတ်ပြီး အိပ်ရင်း သင့်ကို အသက်ရှူရပ်စေတဲ့ အရာတစ်ခုပါ။ Sleep apnea ကြောင့် ညဘက်အိပ်နေရင်း လေထရှူရတာမျိုးတွေ၊ ဖြစ်တတ်တဲ့အပြင် မနက်နိုးလာတဲ့အခါမှာလည်း အာခေါင်ခြောက် နေတာ၊ ခေါင်းကိုက်တာ နဲ့ လည်ချောင်းနာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Sleep apnea ဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ချင်တာတို့နဲ့ ဆက်စပ်နေတဲ့အတွက် Sleep apnoea ရှိနေရင် ဆရာဝန်ဆီ သွားပြပါ။
  • ကလေးတစ်ယောက် အိပ်နေရင်း ဟောက်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒီလို သင့်ကလေး ဟောက်နေပြီ ဆိုရင်တော့ ကလေးဆရာဝန်နဲ့ တိုင်ပင်တာကသာ အကောင်းဆုံးပါ။
  • အဝလွန် နေတဲ့သူတွေ ဟာ အခြားသူတွေထက် ပိုဟောက်တတ်တဲ့သူတွေပါ။ လည်ပင်းပတ်ပတ်လည်မှာ အဆီစုလို့ လည်ပင်း ပတ်လည်က ၁၇ လက်မထက်ကျော်နေတဲ့သူတွေက ဟောက်နိုင်ချေပိုများပါတယ်။ ဒါကြောင့် ကိုယ့်အိမ်သားတွေကို ဟောက်သံနဲ့ မနှိပ်စက်ချင်ဘူးဆိုရင် ဝိတ်ချပါ။

ကဲ ဒါတွေ ဖတ်ပြီးရင်တော့ ကိုယ်က ဘယ်လို အချက်တွေ နဲ့ ညီနေလို့ ဟောက်တတ်တာလဲဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်။ အကြောင်းအရင်းသိတော့ မြန်မြန်ပြင်လို့ရပြီး ကိုယ်လည်း လူများ နှာခေါင်းရှုံှု့တာကို မခံရတော့ဘူးပေါ့နော့ ။ ။


#CRD TO HELLOSAYARWON

Comments

Popular posts from this blog