Posts

Image
https://web.facebook.com/newdesignmobile/   MI 10x 4G #newdesign #myanmarnewdesign #https://web.facebook.com/newdesignmobile/
Image
  Tamarind (မန်ကျည်းသီး) မန်ကျည်သီးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်သလဲ မန်ကျည်းသီးက အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကိုကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်းသီးမှာဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်းရှိပါတယ်။ မန်းကျည်းသီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိအကျိုးပြုသလဲဆိုတာနဲ့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။ မန်ကျည်းဆိုတာ မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။ အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။ မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓါတ်ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထားပါတယ်။ မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။ မန်ကျည်းသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည...
Image
  ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ ဝက်ခြံ ဆိုတာ လူတိုင်း‌ ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။ မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။ ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင်… ဟော်မုန်း  အပြောင်းအလဲ ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။ လူပျို ၊ အပျိုဖော်ဝင်ချိန် ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen (အန်ဒရိုဂျင်) လို့ ခေါ်တဲ့ လိင်ဟော်မုန်းတွေ တိုးပွားလာပါတယ်။ ဒီလို တိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။ လုံလောက်တဲ့ သဘာဝအဆီ ရှိရင်တော့ အရေပြာ...
Wow! Amazing phone case. Credit Video : Original Uploader
Image
ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ ... လူငယ် လူရွယ်ဘဝမှာ အိုင်ဒီယာတွေအတော်များများရှိတတ်ကြတယ်... ကျွန်တော်လည်းရှိခဲ့တာပါပဲ...  အသက်အရွယ်ကလည်း ငယ်ရွယ်တဲ့အရွယ်ဖြစ်လေတော့ ဘာမဆိုလုပ်နိုင်မယ်လို့လည်း ထင်ခဲ့ပါတယ်... ဒါပေမယ့် အဲဒီအိုင်ဒီယာတွေကို အကောင်အထည်ဖော်တဲ့အခါမှာတော့ တကယ့်လက်တွေ့မှာ အလုပ်မဖြစ်တာကို တွေ့ရတယ်... တကယ့်လက်တွေ့ကတော့ ဟိုဟာကောင်းနိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ အချိန်တွေကုန်လာခဲ့တာပဲ အဖတ်တင်ခဲ့တယ်... ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း မျိုးစုံအောင် စဉ်းစားတတ်ကြတယ်... အသက်အရွယ်ငယ်စဉ် အချိန်မှာ တစ်နည်းအားဖြင့် ဘွဲ့ရပြီးလို့ပဲဖြစ်ဖြစ် ဘွဲ့မရပဲနဲ့ပဲဖြစ်ဖြစ် အသက် (၂၀)လောက်ကနေ အသက်(၃၀)အရွယ်လောက်ထိ အချိန်တွေမှာ ခေါင်းဆောင်ကောင်းတစ်ဉီးရဲ့ နောက်လိုက် တပည့်လုပ်သင့်တယ်... အခုခေတ်မှာ နောက်လိုက်လုပ်ဖို့ထက် ဆရာလုပ်ချင်သူတွေများနေသလားပဲ... နောက်လိုက်ကောင်းဖြစ်အောင်မကြိုးစားပဲနဲ့လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့မလွယ်ဘူး... ----------- ------------ အသက်အရွယ်(၃၀)ကျော်ပြီဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ပြီး ကိုယ်တိုင်ကြိုးစား လုပ်ကိုင်သင့်တယ်... ငယ်ငယ်ကတည်းက ခေါင်းဆောင်နေရာမှာလုပ်ချင်ရင် ...

မနက်ဖြန်အောင်မြင်ချင်ရင် မဖြစ်နိုင်ဘူး

Image
 မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ ဒီနေ့ စာရှည်ရှည်မရေးနိုင်လေတော့  စကားလက်ဆောင်လေးတစ်ခုကိုပဲ လက်ဆင့်ကမ်းလိုပါတယ်...  လက်ဆင့်ကမ်းမျှဝေလိုတဲ့စကားလေးကတော့ ကမ္ဘာကျော်တရုတ်သူဌေးကြီးတစ်ဉီးဖြစ်တဲ့ **ဂျက်မား** ပြောခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်.... တိုရှင်းလိုရင်းကတော့ **"မနက်ဖြန်မှာ အောင်မြင်ချင်တယ်ဆိုရင် မဖြစ်နိုင်ပါဘူး"** **"နောက်တစ်နှစ်အကြာမှာ အောင်မြင်ချင်တယ်ဆိုရင်လည်း မဖြစ်နိုင်ပါဘူး"** **"နောက်(၁၀)နှစ်အကြာမှာအောင်မြင်ချင်တယ်ဆိုရင်တော့ အခွင့်အရေးတွေရှိပါတယ်"** **"ငြီးတွားနေရင်တော့ အခြားသူတွေက ရယူသွားကြမှာပါ"** **"အခွင့်အရေးတွေကို မိမိရရကိုင်တွယ်ဖမ်းဆုပ်နိုင်မယ်ဆိုရင် နောင်(၁၀)နှစ်မှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်"** အဲဒီစကားတွေကို ရုပ်သံတစ်ခုကနေ လူအများကိုပြောကြားထားတဲ့ လိုရင်း တိုရှင်း လေးတွေပဲဖြစ်ပါတယ်... ---------- ------- ကျန်တော်တို့ လူအများစုကတော့ ဂျက်မားပြောထားတာတွေနဲ့တော့ ပြောင်းပြန်ကျင့်သုံးကြပါတယ်.. **ချက်ချင်းအောင်မြင်လိုကြတယ်....** **ခိုင်မာအောင်မြင်ဖို့အတွက်လည်း အချိန်အကြာကြီးမစောင့်ချင်ကြဘူး** **မှားယွင်းခဲ့မှု ပင်ပန်းမှ...
ရေတော့လောင်းတာပဲ https://steemit.com/myanmar/@ansoe/eyaetaelangtape ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။ Mingalar par. My dear Myanmar steemians families. ----------------------- ![ohcov5sbm4.png](https://img.esteem.ws/ohcov5sbm4.png) ------------ ရေးလက်စတွေဖြစ်တော့ ဆက်ရေအုံးမယ်ဗျာ။ မနေ့ကတော့ လူမိုက်တွေရဲ့သဘာဝလေးတွေကို မျှဝေရေး လိုက်မိတယ်။ ဒီလူမိုက်ဆိုတဲ့ နောက်ဆက်တွဲ ရေးလိုစိတ်ကလည်း မရိုးမရွဖြစ်လာပြန်တော့ နည်းမှား လမ်းမှား ဆိုတဲ့ ဒီစာကိုဆက်ရေးဖြစ်တော့ပါတယ်။ နည်းမှား လမ်းမှားတွေကို လုပ်ဆောင်ဖြစ်တယ်ဆိုတာကလည်း အကုသိုလ်ကံတွေ စတင်အကျိုးပေးလာတာရဲ့အစပဲဖြစ်တာကို မသိနားမလည်ကြတာကြောင့်လည်း ဖြစ်ပါ တယ်။ ဘာနဲ့ဥပမာပေးရမလဲဆိုတော့ နွားနို့ကိုစတင်ညှစ်ယူချိန်မှာ နွားနို့ရဲ့ အရသာက ချိုတယ် ဆိမ့်တယ် လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်မဟုတ်လား။ ဒါပေမယ့် ဒီနွားနို့ကိုပဲ ဖန်ခွက်ထဲမှာ ထည့်ထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဲဒီ ချိုတယ် ဆိမ့်တယ်ဆိုတဲ့ အရသာတွေပျောက်ကွယ်သွား ပြီးတော့ ချဉ်တဲ့အရသာကို ခံစားလာကြရမယ်မဟုတ်လား။ နွားနို့ရဲ့ အရသာက တသမတ်တည်းတည်ရှိနေတာ မဟုတ်တေ...