ကိုယ်ကဟောက်တတ်တဲ့သူတစ်ယောက် ဖြစ်ကြောင်း ဘယ်လိုသိနိုင်လဲ ။ ။ သေချာတာကတော့ အိပ်နေတဲ့သူတစ်ယောက်က ငါဟောက်တတ်ပါလားဆိုတာကို သိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘေးက လူတွေ ပြောပြမှသာ ကိုယ်ကအိပ်ရင် ဟောက်တတ်တဲ့သူတစ်ယောက်ဆိုတာကို သိမှာဖြစ်ပါတယ်။ ဟောက်ရခြင်း အကြောင်းတရားများ ။ ။ နှာစေးခြင်း ၊ နှာပိတ်ခြင် း။ ။ နှာပိတ် နေတဲ့သူတစ်ယာက်ဟာ အိပ်စက်ချိန်ဆို ပါးစပ်နဲ့ အသက်ရှူရတာဖြစ်လို့ သူတို့ဟာ အခြားသူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ပက်လက်လန်ပြီး အိပ်ခြင် း ။ ။ ပက်လက်လန်ပြီး အိပ်တဲ့သူတွေဟာ ဘေးစောင်းအိပ်တတ်တဲ့သူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဟောက်တတ်တယ်ဆိုရင် ဘေးစောင်းပြီး အိပ်ပါ။ နှာခေါင်းဖွဲ့စည်းပုံ ။ ။ နှာခါင်းပေါက်နှစ်ခုမှာ တစ်ခုနဲ့ တစ်ခု အရွယ်အစားမညီခဲ့ရင် အိပ် တဲ့အချိန် အသက်ရှူရခက်စေပြီး ဟောက်တတ်ပါတယ်။ ဒါမှမဟုတ် နှာခေါင်းရို းကျိုးတာလိုမျိုး ထိခိုက်တာတွေ ရှိခဲ့ရင် လည်း ဟောက်တတ်ပါတယ်။ ဒီလို အခြေအနေတွေ ကြုံတွေ့ရပြီဆို ဆရာဝန်နဲ့တိုင်ပင်ပြီး နှာခေါင်းကိုပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟောက်တော့မှာပေါ့နော်။ သင့်အပေါ်ပိုင်း ပါးစပ်က လည်ချောင်းနားရောက်လေ...